သကြားစားသုံးမှုကို လျှော့ချပါ သင့်ကျန်းမာရေးကို ကာကွယ်ပါ

နေ့စဉ်ဘဝတွင် သကြားပါဝင်သော အစားအစာများနှင့် အချိုရည်များကို မသိမသာ အလွန်အကျွံ စားသုံးနေကြပါသည်။ သကြားအလွန်အကျွံ စားသုံးခြင်းသည် ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အသည်းအဆီတက်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း စသည့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့်-မကြာခဏ ဆာလောင်ခြင်း-အလွန်မောပန်းခြင်း-ဆီးခဏခဏသွားရခြင်း-အလေးချိန်မထိန်းနိုင်ခြင်းစသည့် လက္ခဏာများ ရှိနေပါက သွေးတွင်းသကြားဓာတ် မညီမျှနိုင်ခြေ ရှိပါသည်။✅ သကြားဖြတ်လိုက်ရင် ဘာတွေထူးခြားလာမလဲ? ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီလဲ ? 💡 ကျန်းမာရေးအတွက် အကြံပြုချက်သကြားကို တစ်ခါတည်း ဖြတ်ရခက်နေပါက အချိုရည်များအစား ရေများများသောက်ခြင်း၊ အသီးအနှံများ ပြောင်းလဲစားသုံးခြင်းတို့ဖြင့် စတင်နိုင်ပါသည်။ပရိုတင်းနှင့် အမျှင်ဓာတ်ကို ပိုစားပါ ။ အစားအစာထဲတွင် Protein (အသား၊ ငါး၊ ဥ) နှင့် Fiber (ဟင်းသီးဟင်းရွက်) များများပါဝင်ခြင်းက ဗိုက်ဆာမှုကို ထိန်းချုပ်ပေးပြီး အချိုစားချင်စိတ် (Sugar […]
သွေးလွန်တုပ်ကွေးက မိုးရာသီမှာဘာလို့အဖြစ်များတာလဲ

သွေးလွန်တုပ်ကွေး (Dengue Fever) ဆိုတာ ခြင်ကျားကိုက်ခြင်းကနေတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။အထူးသဖြင့် မိုးရာသီမှာ မိုးရေတွေကြောင့် ရေဝပ်နိုင်တဲ့ နေရာများပေါ်လာပါတယ်။ ဥပမာ- ပန်းအိုးတွေ၊ ရေအိုး၊ ရေသိုလှောင်တဲ့ ပစ္စည်းတွေ၊ ပလတ်စတစ်ပုံးခွံတွေ၊ တာယာအဟောင်းတွေနဲ့ ရေတင်ကျန်နိုင်တဲ့ အမှိုက်သရိုက်တွေမှာ ခြင်တွေ အလွယ်တကူ ဥဥပြီး ပေါက်ပွားနိုင်တာမလို့ မိုးတွင်းမှာ ခြင်ကျားတွေ ပိုများတတ်ပါတယ် ဒါကြောင့်မလို့ ရောဂါကူးစက်နိုင်ခြေလည်း ပိုမြင့်မားပါတယ်။သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၄ ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပြသတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကရုတ်တရက်ဖျားနာခြင်း (အဖျားကြီးခြင်း)ပြင်းထန်စွာခေါင်းကိုက်ခြင်းမျက်လုံးများ နာကျင်ကိုက်ခဲခြင်းကြွက်သားနဲ့ အဆစ်အမြစ်များ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်းပျို့အန်ခြင်းအရေပြားယားယံခြင်း (အနီစက်များ ထွက်ပေါ်ခြင်း)အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်။ကိုယ်ခံအားနည်းတဲ့သူအချိုက သွေးလွန်တုပ်ကွေးအပြင်းစားအဖြစ် ပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို အပြင်းစားလက္ခဏာတွေကအဖျားကျပြီးနောက်ပိုင်း […]
နိုင်ငံခြားသွားမယ့်သူတွေအနေနဲ့ မဖြစ်မနေ စစ်ဆေးရမယ့် အဓိက Test တွေကဘာတွေဖြစ်မလဲ?

နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်တာ ဒါမှမဟုတ် ဗီဇာ (Visa) လျှောက်ထားတဲ့အခါ လိုအပ်ချက်တစ်ခုအနေနဲ့ ကျန်းမာရေး စစ်ဆေးမှု (Medical Checkup) ပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီအတွက်စစ်ဆေးရတဲ့ Test တွေကိုမျှဝေပေးလိုက်ပါတယ်။HBsAg test (B ပိုးရှိ၊ မရှိစစ်ဆေးပေးခြင်း)HCV Ab test (C ပိုးရှိ၊ မရှိစစ်ဆေးပေးခြင်း)HIV test(HIV ပိုးရှိ၊ မရှိစစ်ဆေးပေးခြင်း)VDRL test (ကာလသားရောဂါရှိ၊ မရှိစစ်ဆေးပေးခြင်း)RBS /FBS test(အစာရှောင် သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း)Urine test (ဆီးချို၊ ဆီးပိုးရှိ၊မရှိစစ်ဆေးပေးခြင်း)Chest X ray (ရင်ခေါင်း ဓာတ်မှန်ရိုက်ခြင်း) ဒါတွေကိုအဓိကစစ်ဆေးရပါတယ်။ ဒါပေမယ့်သွားရောက်မယ့်နိုင်ငံ၊ လျှောက်ထားမယ့် ဗီဇာအမျိုးအစား ပေါ်မူတည်ပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေကွဲပြားတာမျိုးရှိပါတယ်။ကျန်းမာရေးစစ်ဆေးချင်သူများအနေနဲ့လည်း Royal Dragon Diagnostic Center ကိုဆက်သွယ်ပြီး အသေးစိတ် […]
တော်ဝင်နဂါးဆေးခန်းတွင် အထူးကုဆရာဝန်ကြီးများနဲ့ ဆေးခန်းပြသလိုသူများအတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်လည်း ဆေးခန်းပြသလို့ရပါပြီ

တော်ဝင်နဂါးဆေးခန်း လမ်းမတော် Branch တွင် OPD ထိုင်မည့် ဆရာဝန်Dr Myat Theingi kyaw သားဖွားမီးယပ်အထူးကုဆရာဝန်M.B.,B.S, M.Med.Sc(OG)Date – Monday to Sunday (On Call)ဆေးခန်းပြရန်အတွက် တစ်ရက်ဖုန်းကြိုဆက်ပြီး ရက်ချိန်းယူထားရန်လိုအပ်ပါတယ်။
အသက် ၄၀ ကျော်လာတဲ့အခါ ဖြစ်တတ်တဲ့ရောဂါတွေအကြောင်းသိပြီးပြီလား

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ခုခံအားနည်းလာပြီး အလုပ်လုပ်ဆောင်တဲ့စနစ်တွေ တဖြည်းဖြည်း နှေးကွေးလာတာ သဘာဝပါ။ ဒါကြောင့် ကိုယ်ခံအားနည်းပြီးရောဂါအမျိုးမျိုး ဝင်ရောက်လွယ်လာပါတယ်။ အသက် ၄၀ ကျော်သူတွေအတွက် ဖြစ်တတ်တဲ့ ရောဂါတွေကိုကြိုတင်သိပြီး ကာကွယ်နိုင်ဖို့အကြောင်းမျှဝေလိုက်ပါတယ် နာတာရှည်ရောဂါများသွေးတိုး၊ ဆီးချို စတာတွေက အသက် ၄၀ ကျော်အရွယ်မှာ အဖြစ်အများဆုံးဖြစ်ပြီး ရောဂါအကြောင်း စောစောစီးစီးသိထားဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်ပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ မမေ့ပါနဲ့။ ကင်ဆာရောဂါများအမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာအဖြစ်များပါတယ်။ အဆုတ်နဲ့ အူမကြီးကင်ဆာလည်း ဖြစ်နိုင်တာမလို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။ အရိုးအဆစ်နဲ့ပတ်သက်တဲ့ ပြဿနာများအရိုးပွခြင်းနဲ့ အဆစ်နာခြင်းကအထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ကာကွယ်နိုင်စေပါတယ်။ အမြင်အာရုံ နဲ့ အကြားအာရုံ ပြဿနာများအသက် ၄၀ ဝန်းကျင်မှာ စာဖတ်မျက်မှန်လိုအပ်လာတတ်ပြီး မျက်လုံးတိမ်စွဲခြင်းနဲ့ အကြားအာရုံဆိုင်ရာပြဿနာတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ ကျန်းမာရေးကိုဂရုစိုက်ဖို့နဲ့ […]
ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးစစ်တဲ့အခါ ASO Test ကို ဘာအတွက် စစ်ရတာလဲဆိုတာ သိရဖို့ ဒီအချက်တွေကို မှတ်သားထားလိုက်ပါ

ASO (Antistreptolysin O) Test ဆိုတာ လည်ချောင်းနာခြင်းနဲ့ အရေပြားပိုးဝင်ခြင်းကို ဖြစ်စေတတ်တဲ့ Streptococcus ပိုးခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့ဖူးခြင်း ရှိ၊ မရှိဖော်ထုတ်ပေးတဲ့ သွေးစစ်ဆေးမှု ဖြစ်ပါတယ်။ဘာကြောင့် စစ်ဆေးသင့်သလဲလေးဘက်နာ ကြိုတင်ကာကွယ်ရန် – ASO တက်နေခြင်းက ပိုးဝင်ဖူးကြောင်းပြသပြီး ဒီပိုးကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ လေးဘက်နာ ကို စောစီးစွာ သိရှိနိုင်သလို နှလုံးအဆို့ရှင်များ မပျက်စီးအောင် အချိန်မီကုသမှုပေးနိုင်ရန် ဖြစ်ပါတယ်။ASO တက်တိုင်း လေးဖက်နာလား? လုံးဝမဟုတ်ပါ…..ASO တက်နေရုံနဲ့ လေးဖက်နာရောဂါလို့သတ်မှတ်လို့မရပါ။ ဆရာဝန်တွေကရောဂါကို အတည်ပြုဖို့အတွက် အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ အဆစ်နာခြင်း၊ ယောင်ရမ်းခြင်းတို့ကိုစစ်ဆေးရန် (CRP, ESR) တို့ကို စစ်ဆေးပြီး သုံးသပ်အကြံပေးမှာ ဖြစ်ပါတယ်။ASO Test အပါအဝင် သက်ဆိုင်ရာ Test များကိုစစ်ဆေးချင်သူများအတွက်လည်း “တော်ဝင်နဂါးဆေးခန်း” မှာ […]
Cholesterol မြင့်မားစေတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးနေမိပြီလား

ခန္ဓာကိုယ်ထဲမှာ cholesterol ပမာဏများနေရင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့လို ကျန်းမာရေးပြဿနာတွေအထိ ဖြစ်နိုင်တာမလို့ သတိပြုဖို့ လိုအပ်ပါတယ်။ နေ့စဥ်စားသုံးနေတဲ့ အစားအစာတချို့ကလည်း cholesterol များစေတတ်ပါတယ်… ဒါဆို cholesterol(ကိုလက်စထရော) မြင့်မားစေတဲ့ အစားအစာတွေက ဘာတွေဖြစ်မယ်လို့ထင်လဲ…သင်ကိုယ်တိုင်ရော ဒီအစားအစာတွေ အလွန်အကျွံစားမိနေပြီလား❌
အဆစ်အမြစ်ယောင်ရမ်းမှုတွေ၊ အထူးသဖြင့် Gout(ဂေါက်ရောဂါ) နဲ့ Uric Acid မြင့်တာဘယ်လိုဆက်စပ်နေတာလဲ

Uric Acid ဆိုတာခန္ဓာကိုယ်ထဲက Purine ဓာတ်တွေဖြိုခွဲရာကနေထွက်လာတာတဲ့ စွန့်ပစ်ပစ္စည်းဖြစ်ပြီး ပုံမှန်ဆိုရင် ကျောက်ကပ်ကနေ ဆီးနဲ့အတူ စွန့်ထုတ်ပါတယ်။ Uric Acid မြင့်လာတဲ့အခါ အဆစ်အမြစ်တွေထဲမှာ Uric Acid Crystals(ပုံဆောင်ခဲလေးတွေ) သွားရောက်စုပုံတာကနေ ယောင်ရမ်းနာကျင်တဲ့ Gout(ဂေါက်ရောဂါ) ဖြစ်လာတာပါ။ Gout(ဂေါက်ရောဂါ) ဖြစ်ရင် အဆစ်အမြစ်တွေနာကျင်တာ၊ ယောင်ရမ်းနီမြန်းတာမျိုးဖြစ်နိုင်ပြီး နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူဆိုရင် မောပန်းနွမ်းနယ်တာ ခြေထောက်တွေဖောရောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Uric Acid များတိုင်း ဒီရောဂါတွေရှိတယ်လို့ ယူဆလို့မရတဲ့အတွက် စစ်ဆေးပြီးရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ Uric Acid ကိုဘယ်လိုစစ်ဆေးကြလဲဆိုရင် Blood test(သွေးစစ်ခြင်း)၊ Urine test(ဆီးစစ်ခြင်း) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အဆစ်အမြစ်ခဏခဏနာကျင်တာနဲ့ ယောင်ရမ်းတာမျိုးခဏခဏဖြစ်တတ်ရင်တော့ Uric Acid ပမာဏကိုစစ်ဆေးပြီး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
Heat Stroke (သတိလစ်ခြင်း) အကြောင်း

အပူချိန်ပြင်းလွန်းနေတဲ့အချိန်မှာ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကြောင့် Heat Stroke (သတိလစ်ခြင်း) ဖြစ်နိုင်ပါတယ်။ အချိန်မှီကုသမှုမရှိရင် အသက်ဆုံးရှုံးမှု ဖြစ်တတ်ပါသည်။ Heat Stroke ကာကွယ်ဖို့: ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ များသောအားဖြင့် နေ့လည် အပူကြီးတဲ့အချိန်တွေမှာ အေးဆေးလေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ ရှိရမယ်။ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ အဖြူရောင်ပဝါဝတ် တို့ကိုဝတ်ဆင်ပြီး ရေချိုးခြင်း ၊ ခေါင်းလျှော်ခြင်း ကိုရှောင်ခြင်းလိုအပ်ပါတယ်။ ရေနဲ့ဓာတ်ဆား ပြည့်ဝစွာသောက်သုံးပြီး ပူပြင်းတဲ့နေရာတွင်လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ အထက်ပါအကြောင်းအရာများကို လိုက်နာပါက Heat Stroke ကာကွယ်နိုင်ပြီး ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐜𝐜𝐫𝐞𝐝𝐢𝐭𝐞𝐝 𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞𝐬

တော်ဝင်နဂါး 𝐑𝐨𝐲𝐚𝐥 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫 & 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှနိုင်ငံတကာထောက်ခံချက်များဖြစ်သည့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐜𝐜𝐫𝐞𝐝𝐢𝐭𝐞𝐝 𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞𝐬 များရရှိခဲ့ပြီးဖြစ်ပါသည်။ ကျန်းမာရေးဓာတ်ခွဲခန်းများအတွက်မရှိမဖြစ်လိုအပ်သည့် ✨𝐈𝐒𝐎 𝟏𝟓𝟏𝟖𝟗 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐢𝐞𝐬 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐞𝐭𝐞𝐧𝐜𝐞 လူနာများနှင့်ဝန်ထမ်းများ၏ဘေးကင်းလုံခြုံရေးအတွက်✨𝐈𝐒𝐎 𝟏𝟓𝟏𝟗𝟎 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐢𝐞𝐬𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞: 𝐒𝐚𝐟𝐞𝐭𝐲 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 တိကျသေချာသောစစ်ဆေးမှုရလာဒ်များနှင့် စီမံခံ့ခွဲရေးအတွက်✨𝐈𝐒𝐎 𝟗𝟎𝟎𝟏 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 (𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦) စသည့်နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်အသီးသီး၏ထောက်ခံချက်များရရှိထားပါသည်။ 🔹ကျန်းမာရေးစစ်ဆေးမည့်သူများအနေဖြင့်ယုံကြည်စိတ်နိုင်သည့် Center 🔹ဝန်ထမ်းများ Lab အတွင်းဘေးကင်းလုံခြုံရန်အတွက် သေချာဂရုစိုက်ပြင်ဆင်ထားသည့် Center🔹 စစ်ဆေးမှုရလာဒ်များမှန်ကန်တိကျပြီး နိုင်ငံတကာတွင်လည်းထောက်ခံချက်ရထားသည့် Center ဖြစ်ပါသည်။ ဤသို့သော ISO Certificates များရရှိထားပြီးအဘက်ဘက်မှယုံကြည်စိတ်ချနိုင်အောင်ဆောင်ရွက်ထားပါသည်။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ချင်သော Customers များအပေါ်အမြဲဂရုတစိုက်စီမံဆောင်ရွက်ပေးနေသည့် […]