အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ခုခံအားနည်းလာပြီး အလုပ်လုပ်ဆောင်တဲ့စနစ်တွေ တဖြည်းဖြည်း နှေးကွေးလာတာ သဘာဝပါ။ ဒါကြောင့် ကိုယ်ခံအားနည်းပြီးရောဂါအမျိုးမျိုး ဝင်ရောက်လွယ်လာပါတယ်။ အသက် ၄၀ ကျော်သူတွေအတွက် ဖြစ်တတ်တဲ့ ရောဂါတွေကိုကြိုတင်သိပြီး ကာကွယ်နိုင်ဖို့အကြောင်းမျှဝေလိုက်ပါတယ် 
သွေးတိုး၊ ဆီးချို စတာတွေက အသက် ၄၀ ကျော်အရွယ်မှာ အဖြစ်အများဆုံးဖြစ်ပြီး ရောဂါအကြောင်း စောစောစီးစီးသိထားဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်ပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ မမေ့ပါနဲ့။
အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာအဖြစ်များပါတယ်။ အဆုတ်နဲ့ အူမကြီးကင်ဆာလည်း ဖြစ်နိုင်တာမလို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။
အရိုးပွခြင်းနဲ့ အဆစ်နာခြင်းကအထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ကာကွယ်နိုင်စေပါတယ်။
အသက် ၄၀ ဝန်းကျင်မှာ စာဖတ်မျက်မှန်လိုအပ်လာတတ်ပြီး မျက်လုံးတိမ်စွဲခြင်းနဲ့ အကြားအာရုံဆိုင်ရာပြဿနာတွေလည်းဖြစ်တတ်ပါတယ်။
ဒါကြောင့်မလို့ ကျန်းမာရေးကိုဂရုစိုက်ဖို့နဲ့ အကြံပြုချက်များကိုမမေ့လျော့စေဖို့
ခန္ဓာကိုယ် ပြောင်းလဲမှုတွေကို သတိထားပြီး လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တာမျိုး ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်တာမျိုး ပြုလုပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေပိုင်ဆိုင်နိုင်စေဖို့ မျှဝေလိုက်ပါတယ်။



