အဆစ်အမြစ်ယောင်ရမ်းမှုတွေ၊ အထူးသဖြင့် Gout(ဂေါက်ရောဂါ) နဲ့ Uric Acid မြင့်တာဘယ်လိုဆက်စပ်နေတာလဲ

Share Our Posts:
Gout

Uric Acid ဆိုတာခန္ဓာကိုယ်ထဲက Purine ဓာတ်တွေဖြိုခွဲရာကနေထွက်လာတာတဲ့ စွန့်ပစ်ပစ္စည်းဖြစ်ပြီး ပုံမှန်ဆိုရင် ကျောက်ကပ်ကနေ ဆီးနဲ့အတူ စွန့်ထုတ်ပါတယ်။ Uric Acid မြင့်လာတဲ့အခါ အဆစ်အမြစ်တွေထဲမှာ Uric Acid Crystals(ပုံဆောင်ခဲလေးတွေ) သွားရောက်စုပုံတာကနေ ယောင်ရမ်းနာကျင်တဲ့ Gout(ဂေါက်ရောဂါ) ဖြစ်လာတာပါ။

Gout(ဂေါက်ရောဂါ) ဖြစ်ရင် အဆစ်အမြစ်တွေနာကျင်တာ၊ ယောင်ရမ်းနီမြန်းတာမျိုးဖြစ်နိုင်ပြီး နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူဆိုရင် မောပန်းနွမ်းနယ်တာ ခြေထောက်တွေဖောရောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Uric Acid များတိုင်း ဒီရောဂါတွေရှိတယ်လို့ ယူဆလို့မရတဲ့အတွက် စစ်ဆေးပြီးရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။

Uric Acid ကိုဘယ်လိုစစ်ဆေးကြလဲဆိုရင် Blood test(သွေးစစ်ခြင်း)၊ Urine test(ဆီးစစ်ခြင်း) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အဆစ်အမြစ်ခဏခဏနာကျင်တာနဲ့ ယောင်ရမ်းတာမျိုးခဏခဏဖြစ်တတ်ရင်တော့ Uric Acid ပမာဏကိုစစ်ဆေးပြီး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

တော်ဝင်နဂါးဆေးခန်းတွင်စစ်ဆေးနိုင်သောကျန်းမာရေး ပက်ကေ့ချ်များ

ကျန်းမာ ရေးဝန်ဆောင်မှု Package များ

Explore our writings!

Related Health Blogs

သကြားစားသုံးမှုကို လျှော့ချပါ သင့်ကျန်းမာရေးကို ကာကွယ်ပါ
သွေးလွန်တုပ်ကွေးက မိုးရာသီမှာဘာလို့အဖြစ်များတာလဲ
နိုင်ငံခြားသွားမယ့်သူတွေအနေနဲ့ မဖြစ်မနေ စစ်ဆေးရမယ့် အဓိက Test တွေကဘာတွေဖြစ်မလဲ?