သကြားစားသုံးမှုကို လျှော့ချပါ သင့်ကျန်းမာရေးကို ကာကွယ်ပါ

Share Our Posts:

နေ့စဉ်ဘဝတွင် သကြားပါဝင်သော အစားအစာများနှင့် အချိုရည်များကို မသိမသာ အလွန်အကျွံ စားသုံးနေကြပါသည်။ သကြားအလွန်အကျွံ စားသုံးခြင်းသည် ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အသည်းအဆီတက်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း စသည့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့်
-မကြာခဏ ဆာလောင်ခြင်း
-အလွန်မောပန်းခြင်း
-ဆီးခဏခဏသွားရခြင်း
-အလေးချိန်မထိန်းနိုင်ခြင်း
စသည့် လက္ခဏာများ ရှိနေပါက သွေးတွင်းသကြားဓာတ် မညီမျှနိုင်ခြေ ရှိပါသည်။
✅ သကြားဖြတ်လိုက်ရင် ဘာတွေထူးခြားလာမလဲ?

  1. ကိုယ်အလေးချိန် ကျဆင်းလာခြင်း: ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ဗိုက်ခေါက်ထွက်ခြင်းကို သက်သာစေပါသည်။
  2. အသားအရေ ကြည်လင်လာခြင်း: သကြားဟာ အရေပြားကို ရောင်ရမ်းစေပြီး ဝက်ခြံထွက်စေပါတယ်။ သကြားဖြတ်လိုက်ရင် အသားအရေက ပိုမိုနုပျိုကြည်လင်လာပါ သည်။
  3. စွမ်းအင် ပိုမိုကောင်းမွန်လာခြင်း: သကြားစားပြီးခဏပဲ တက်ကြွပြီး ပြန်နုံးသွားတတ်တဲ့ (Sugar Crash) ဖြစ်စဉ်မျိုး မရှိတော့ဘဲ တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မည်။
  4. ရောဂါဘယ ကင်းဝေးခြင်း: အသည်းအဆီဖုံးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါ သည်။

ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီလဲ ?

  • Fasting Blood Sugar (FBS)
  • HbA1c (၃ လစာ သွေးတွင်းသကြားအခြေအနေ)
  • Lipid Profile (အဆီဓာတ် စစ်ဆေးမှု)
    စမ်းသပ်မှုများကို အရင်ဆုံး သိရှိထားဖို့ စစ်ထားသင့်ပါသည်။

💡 ကျန်းမာရေးအတွက် အကြံပြုချက်
သကြားကို တစ်ခါတည်း ဖြတ်ရခက်နေပါက အချိုရည်များအစား ရေများများသောက်ခြင်း၊ အသီးအနှံများ ပြောင်းလဲစားသုံးခြင်းတို့ဖြင့် စတင်နိုင်ပါသည်။
ပရိုတင်းနှင့် အမျှင်ဓာတ်ကို ပိုစားပါ ။ အစားအစာထဲတွင် Protein (အသား၊ ငါး၊ ဥ) နှင့် Fiber (ဟင်းသီးဟင်းရွက်) များများပါဝင်ခြင်းက ဗိုက်ဆာမှုကို ထိန်းချုပ်ပေးပြီး အချိုစားချင်စိတ် (Sugar Cravings) ကို လျှော့ချပေးနိုင်ပါသည်။
အချိန်မှန် အစာစားသုံးပါ။ အစာစားချိန်ကျော်သွားပါက သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး အချိုအလွန်အကျွံပါသော မုန့်များကို အလွယ်တကူ စားမိတတ်သောကြောင့် အစာကို အချိန်မှန်စားသုံးပါ။
အိပ်ရေးဝဝ အိပ်စက်ပါ ။ အိပ်ရေးပျက်သည့်အခါ ခန္ဓာကိုယ်က စွမ်းအင်လိုအပ်လာပြီး အချိုဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် (Carbohydrates) များကို ပိုမိုတောင့်တတတ်သောကြောင့် တစ်နေ့လျှင် (၇) နာရီမှ (၈) နာရီအထိ အိပ်စက်ရန် လိုအပ်ပါသည်။

အရေးကြီးဆုံးကတော့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ပြုလုပ်ဖို့ မမေ့ပါနဲ့။

Dr Chan Myae Thinn
MBBS, MBA, Associate fellow of Australasian College of health service management

တော်ဝင်နဂါးဆေးခန်းတွင်စစ်ဆေးနိုင်သောကျန်းမာရေး ပက်ကေ့ချ်များ

ကျန်းမာ ရေးဝန်ဆောင်မှု Package များ

Explore our writings!

Related Health Blogs

သကြားစားသုံးမှုကို လျှော့ချပါ သင့်ကျန်းမာရေးကို ကာကွယ်ပါ
သွေးလွန်တုပ်ကွေးက မိုးရာသီမှာဘာလို့အဖြစ်များတာလဲ
နိုင်ငံခြားသွားမယ့်သူတွေအနေနဲ့ မဖြစ်မနေ စစ်ဆေးရမယ့် အဓိက Test တွေကဘာတွေဖြစ်မလဲ?