သွေးလွန်တုပ်ကွေး (Dengue Fever) ဆိုတာ ခြင်ကျားကိုက်ခြင်းကနေတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။အထူးသဖြင့် မိုးရာသီမှာ မိုးရေတွေကြောင့် ရေဝပ်နိုင်တဲ့ နေရာများပေါ်လာပါတယ်။ ဥပမာ- ပန်းအိုးတွေ၊ ရေအိုး၊ ရေသိုလှောင်တဲ့ ပစ္စည်းတွေ၊ ပလတ်စတစ်ပုံးခွံတွေ၊ တာယာအဟောင်းတွေနဲ့ ရေတင်ကျန်နိုင်တဲ့ အမှိုက်သရိုက်တွေမှာ ခြင်တွေ အလွယ်တကူ ဥဥပြီး ပေါက်ပွားနိုင်တာမလို့ မိုးတွင်းမှာ ခြင်ကျားတွေ ပိုများတတ်ပါတယ်
ဒါကြောင့်မလို့ ရောဂါကူးစက်နိုင်ခြေလည်း ပိုမြင့်မားပါတယ်။
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၄ ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပြသတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက
ကိုယ်ခံအားနည်းတဲ့သူအချိုက သွေးလွန်တုပ်ကွေးအပြင်းစားအဖြစ် ပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို အပြင်းစားလက္ခဏာတွေကအဖျားကျပြီးနောက်ပိုင်း ၂၄ နာရီမှ ၄၈ နာရီအတွင်း စတင်ပေါ်ပေါက်တတ်ပါတယ်။
သွေးလွန်တုပ်ကွေးမဖြစ်ဖို့ ဘယ်လိုကာကွယ်မလဲ
သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းက ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်ပေါက်ပွားမှုကို ထိန်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ခြင်ကိုက်မခံရဖို့ လိမ်းဆေးလိမ်းတာ၊ ခြင်ထောင်နဲ့အိပ်တာ၊ လက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်တာနဲ့ နေအိမ်ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်တာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။
မိုးရာသီမှာ အရေးကြီးဆုံးက ခြင်တွေ ဥဥနိုင်တဲ့ ရေတင်ကျန်နိုင်တဲ့ နေရာမှန်သမျှကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းဖယ်ရှားဖို့ပါပဲ။ ရေအိုး၊ ရေတိုင်ကီ၊ ပန်းအိုး စတာတွေကို အဖုံးလုံအောင် ပိတ်ပြီး ပုံမှန်ဆေးကြောသန့်စင်ပါ။ တာယာအဟောင်းတွေ၊ အမှိုက်သရိုက်တွေထဲမှာ ရေမဝပ်ဖို့အတွက် မှောက်ထားတာ ဒါမှမဟုတ် စနစ်တကျစွန့်ပစ်တာမျိုး လုပ်ဆောင်ပြီး မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။
အဖျားရှိနေပြီလို့ ခံစားနေရပြီဆို ရာသီတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလားသိရဖို့ နီးစပ်ရာဆေးခန်းသွားပြီး ဆရာဝန်နဲ့ သေချာကုသဖို့ အကြံပေးချင်ပါတယ်။



