နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေရှိ၊ မရှိသိရဖို့အတွက်စစ်ဆေးကြတဲ့ 𝐋𝐢𝐩𝐢𝐝 𝐏𝐫𝐨𝐟𝐢𝐥𝐞 𝐓𝐞𝐬𝐭 အကြောင်း

Share Our Posts:
Lipid Profile Test

Lipid profile test ဆိုတာ ကိုယ့်ရဲ့သွေးထဲမှာရှိတဲ့ အဆီ (lipids) အမျိုးအစားတွေကို တိုင်းတာတဲ့ စစ်ဆေးမှုတစ်ခုပါ။ ဒီအဆီတွေထဲမှာ အဓိကအားဖြင့် ကိုလက်စထရော (cholesterol) နဲ့ ထရိုင်ဂလစ်ဆရိုက် (triglycerides) တို့ ပါဝင်ပါတယ်။ LDL နဲ့ HDL အပြင် total cholesterol နဲ့ triglycerides ဒီလေးမျိုးကိုစစ်ဆေးရတာပါ။

𝐓𝐨𝐭𝐚𝐥 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 – သွေးထဲမှာရှိတဲ့ ကိုလက်စထရော အားလုံးရဲ့ ပမာဏကို ပြပါတယ်။ ဒါပေမဲ့ သွေးထဲမှာ ကိုလက်စထရော ပမာဏ များလွန်းရင် သွေးကြောနံရံတွေမှာ စုပုံပြီး နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်ပါတယ်။

𝐓𝐫𝐢𝐠𝐥𝐲𝐜𝐞𝐫𝐢𝐝𝐞𝐬 – ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားအဆီတစ်မျိုးရဲ့ ပမာဏကို တိုင်းတာပါတယ်။ ဒါပေမဲ့ သွေးထဲမှာ ထရိုင်ဂလစ်ဆရိုက် ပမာဏမြင့်မားနေရင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အထူးသဖြင့် LDL ကိုလက်စထရော မြင့်မားသူတွေမှာ ပိုအန္တရာယ်များပါတယ်။

𝐇𝐃𝐋 – “ကောင်းတဲ့” ကိုလက်စထရောလို့ လူသိများပြီး၊ သွေးကြောနံရံတွေမှာ အဆီတွေ စုပုံခြင်းကို ကာကွယ်ပေးတာဖြစ်လို့ ပမာဏများလေ ကောင်းလေပါပဲ။

𝐋𝐃𝐋 – “မကောင်းတဲ့” ကိုလက်စထရောလို့ လူသိများပြီး၊ သွေးကြောနံရံတွေမှာ စုပုံပြီး သွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့အတွက် ပမာဏနည်းလေ ကောင်းလေဖြစ်ပါတယ်။

𝐋𝐢𝐩𝐢𝐝 𝐏𝐫𝐨𝐟𝐢𝐥𝐞 𝐓𝐞𝐬𝐭 လုပ်ပြီဆိုရင် ဒီလေးမျိုးရဲ့ ရလဒ်တွေကို အဓိကကြည့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ရလဒ်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုတွေ ဒါမှမဟုတ် lifestyle ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်လို့ပါ။ ဘယ်လိုပြင်ဆင်ရမလဲဆိုရင် များသောအားဖြင့် ဒီစစ်ဆေးမှုမလုပ်ခင် ည ၁၀ နာရီကနေ မနက် ၈ နာရီ(အနည်းဆုံး ၁၀ နာရီ)အထိ ဘာမှမစားပဲ (ရေသောက်လို့ရပြီး) အစာရှောင်ဖို့ လိုပါတယ်။ ဒါမှသွေးထဲကအဆီပမာဏကို တိတိကျကျ တိုင်းတာနိုင်မှာပါ။

အထူးသဖြင့် အသက် ၄၅ နှစ်ကျော်အမျိုးသားတွေနဲ့ အသက် ၅၀ ကျော် အမျိုးသမီးတွေ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့သူ၊ အဝလွန်သူ၊ ဆီးချိုရောဂါရှိတဲ့သူနဲ့ မိသားစုကနှလုံးရောဂါရှိတဲ့မျိုးရိုးဆိုရင် ဒီစစ်ဆေးမှုကို ဆရာဝန်အကြံပေးချက်အတိုင်း ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ ဒီ test အတွက်စစ်ဆေးချင်တယ်ဆိုရင်လည်း တော်ဝင်နဂါးဆေးခန်းကိုလာခဲ့လို့ရပါတယ်နော်။

Royal Dragon (တော်ဝင်နဂါး) Health Packages

Discover Healthcare Packages

Explore our writings!

Related Health Blogs

သကြားစားသုံးမှုကို လျှော့ချပါ သင့်ကျန်းမာရေးကို ကာကွယ်ပါ
သွေးလွန်တုပ်ကွေးက မိုးရာသီမှာဘာလို့အဖြစ်များတာလဲ
နိုင်ငံခြားသွားမယ့်သူတွေအနေနဲ့ မဖြစ်မနေ စစ်ဆေးရမယ့် အဓိက Test တွေကဘာတွေဖြစ်မလဲ?